ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှု၊ အိမ်မှာ ဗိုလ်ချုပ်ပုံနဲ့ NLDရုံးမှာ ဆိုင်းဘုတ် ဖယ်ရှားခံရတဲ့ အခြေအနေ
- သမ္မတ ထရမ့်ဟာ အစ္စရေးရဲ့ လက်ဘနွန် အရေး ကိုင်တွယ်ပုံကို မကျေနပ်ဘူးလို့ ပြောပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အနေနဲ့ ပိုမိုတာဝန်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။ - အမေရိကန်နဲ့ သဘောတူညီချက် ရရေးကိစ္စမှာ လက်ဘနွန်စစ်ပွဲ အဆုံးသတ်ရေးက အရေးအကြီးဆုံးဘဲလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြော။ - တရုတ်ရဲ့ လက်လီအရောင်းဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားပြီး မနှစ်ကထက် ခြောက်ရာခိုင်နှုန်း ကျဆင်းသွားရတာဟာ ကားနဲ့ အိမ်သုံးပစ္စည်းလို့ ကြီးကြီးမားမား ပစ္စည်းအဝယ်သိတ်မလိုက်တော့တာကြောင့် ဖြစ်။ - အိန္ဒိယမှာ ချောင်းဆိုးပျောက်ဆေးတွေကို ဆရာဝန်ဆေးစာမပါဘဲ ရောင်းချခြင်းမပြုဖို့ ဖက်ဒရယ်အစိုးရက တားမြစ်။ - အိန္ဒိယ အနုပညာကျောင်းသုံးစာအုပ်မှာ ကြေးခတ်အမျိုးသမီး ရုပ်ထု ရင်ဘတ်ကို အနက်ရောင်အရိပ်နဲ့ ဖုံးပြီး ထုတ်ဝေခဲ့ပြီး ဒါဟာ ရုပ်ထုပုံကို “ရုပ်ပျက်ဆင်းပျက်” ဖြစ်စေခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ထောက်ပြခဲ့တာကြောင့်ဆင်ဆာမဲ့ ဗားရှင်းကို ပြန်ထုတ်သွားမယ်လို့ အေဂျင်စီက ပြော။ - ဗီယက်နမ်မှာ ကြောင်ခိုးဂိုဏ်းအဖွဲ့ဝင် တော်တော်များများကို ရဲက ဖမ်းခဲ့ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ကြောင်ပိုင်ရှင်တွေထံ သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို ပြန်ပေး။ - တူနီးရှားအသင်း ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဆွီဒင်ကို ငါးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆာဘရီ လာမိုချီ ရာထူးမှ ထုတ်ပယ်ခံခဲ့ရ။ - ကမ္ဘာဖလား ဘောလုံးပွဲအတွက် အမေရိကန်ရောက်နေတဲ့ အီရန် အသင်းဟာ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်နဲ့ အဖွင့်ပွဲစဉ်အပြီးမက္ကဆီကိုက သူတို့အခြေစိုက်စခန်းကို ပြန်သွားဖို့ အမိန့်ထုတ်ခံထားရကြောင်း အီရန်နည်းပြက ပြောတဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၇ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၆ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၅ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၄ ဇွန် ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ