ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးပြော
ဂါဇာနယ်စပ်ကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီလို့ အစ္စရေး စစ်တပ်က ပြောလိုက်သလို သူတို့ရဲ့ စစ်လေယာဉ်တွေကလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အစ္စရေး တောင်ပိုင်းကို ဟားမတ်ရဲ့ အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ တိုက်ခိုက်လာမှုတွေကို ရှင်းလင်းနိုင်ပြီး ဖြစ်ကာ ဟားမတ်စ် လက်နက်ကိုင် ၁၅၀၀ လောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေး စစ်တပ်က ဂါဇာကို လုံးဝ ပိတ်ဆို့ စီးနင်းနေပြီမို့ ဟားမတ်စ်အတွက် ပုန်းစရာ နေရာ မရှိတော့ဘူးလို့ ဆိုပါတယ်။
ကုလသမဂ္ဂကတော့အဲဒီက အခြေအနေတွေက လက်မခံနိုင်လောက်အောင် ဆိုးနေပြီး အစ္စရေးအနေနဲ့ အရပ်သားတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်မထားမိစေဖို့ တာဝန်ရှိတယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။ ဘီဘီစီ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီဘိုဝင်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။