ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးရောက် မြန်မာနိုင်ငံသားများ အခြေအနေ
ရေးသားခဲ့သည်။
အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့မှာ မြန်မာစံတော်ချိန် ဒီကနေ့ညနေပိုင်းအထိကို ဒုံးကျည်နဲ့ ပစ်ခတ်ခံရတာတွေ ရှိနေသေးတယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအချို့က ဘီဘီစီကိုပြောပါတယ်။ ဒုံးကျည်ပစ်ခတ် မှုတွေရှိနေသေးလို့ ဗုံးခိုကျင်းရှိရာတွေမှာ သွားရောက် စုရုံးနေရတယ်လို့ တဲလ်အဗီးက မြန်မာနိုင်ငံသားတစ် ဦးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာရော မြန်မာနိုင်ငံသားတွေပါဝင်နေပါသလား။ မြန်မာနိုင်ငံသားတွေ အရေးဘယ်လိုလုပ်ဆောင်ပေးနေတာတွေရှိနေပါသလဲ အပြည့်အစုံကို ကိုတင်အောင်ကျော်က ပြောပြမှာပါ။