ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်မှာ ဆရာအင်အား ပြန်လည် ဖြည့်တင်းဖို့ ဘာတွေ လုပ်နေကြသလဲ
ရေးသားခဲ့သည်။
အောက်တိုဘာလ ၅ ရက်နေ့ဟာ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပြီး ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အား ဖြည့်ဆည်းစို့ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အာဏာသိမ်းပြီး ကတည်းက နိုင်ငံတဝန်း CDM လုပ်တဲ့ ပညာရေးဝန်ထမ်း တစ်သိန်းတစ်သောင်းကျော် ရှိနေတယ်လို့ NUG က ပြောပါတယ်။ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနကလည်း ဆရာအင်အား ဖြည့်ဆည်းတာတွေ လုပ်တယ်လို့ ဆိုထားပါတယ်။ အကြောင်းစုံကို ကိုဘိုဘို စုစည်းပြောပြပေးပါမယ်။