ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူထဲ မြန်မာ ၁ ဦး ပါဝင်
ရေးသားခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင်က နာမည်ကျော်ဆီယမ်ပါရာဂွန် ရှော့ပင်းစင်တာအတွင်းမှာ မနေ့ ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေဆုံးတဲ့အထဲမှာ ၁ ဦးက မြန်မာနိုင်ငံသား အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဆိုသူ ဖြစ်ပါတယ်။ သူသေဆုံးခဲ့တာအပါအဝင် သေနတ်ပစ်ခတ်သူကို ဘယ်လို အရေးယူမှုတွေ လုပ်ထားလဲ။ ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာသံရုံးတို့ကြား သေဆုံးသူ မြန်မာနိုင်ငံသားအတွက် ဘာတွေဆွေးနွေးထားလဲ။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ မညိုလဲ့ရည်သတင်းပေးပို့ထားပါတယ်။