ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေးသစ် ဖော်စပ်

ရေးသားခဲ့သည်။

ယူကေက အောက်စဖို့ဒ် တက္ကသိုလ်က ငှက်ဖျားဆေးသစ် တမျိုးကို တီထွင်ဖော်စပ်နိုင်ခဲ့ကြပါတယ်။ အဲဒီဆေးကြောင့် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်နိုင်မယ်လို့ ဆိုကြသလို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အသိအမှတ်ပြုပေးထားပြီ ဖြစ်ပါတယ်။ ဒီငှက်ဖျားရောဂါကြောင့် နှစ်စဉ် လူသိန်းနဲ့ချီ အသက် ဆုံးရှုံးနေရသလို အာဖရိကတိုက်မှာဆိုရင် ကလေးအများစု သေဆုံးနေရတာ ဖြစ်ပါတယ်။

ဒီဆေးအတွက် အောက်စဖို့က ကာကွယ်ဆေး စမ်းသပ်မှုတွေ အကြီးအကျယ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အာဖရိက တိုင်းပြည် ၄ ခုမှာ ကလေးတွေအပါအဝင် လူ ၅ ထောင်နီးပါးနဲ့ နှစ် အတော်ကြာကြာ စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထော်က အန်း ဆွိုင်က တန်ဇန်းနီးယားမှာ ကလေးငယ်တွေအတွက် ကာကွယ်ဆေး စွမ်းရည်မြှင့် ဘူစတာ ထိုးပေးနေတာကို သွားရောက် သတင်းယူနိုင်ခဲ့ပါတယ်။

မစန္ဒာဝင်းက ပြောပြမှာပါ။