ဖားကန့် ရဲကင်းကို (KIA) နဲ့ဒေသကာကွယ်ရေး တိုက်ခိုက်

ရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ရပ်ကွက်မှာရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ရုံးနဲ့ ရဲကင်းစခန်းတစ်ခုကို ဒီနေ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက် ၃နာရီလောက်မှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာ စရဖရုံးက စာရွက်စာတမ်းတစ်ချို့ သိမ်းဆည်းရမိပြီး ထမင်းချက်တဲ့ မိသားစု ၄ ယောက်ကိုတော့ ထိခိုက်မှု မရှိဘဲ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး လက်ရှိ ဆိုင်းတောင်အခြေအနေကို ကိုကျော်ဇေယျက စုစည်းပြောပြပေးမှပါ။