ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလ ညီလာခံမှာ NUG ကိုယ်စားလှယ်တွေ သံတမန်တွေနဲ့ ဆွေးနွေး
ရေးသားခဲ့သည်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေတဲ့ နယူးယောက်မြို့ကို အမျိုးသားညီညွှတ်ရေး အစိုးရ ကိုယ်စားလှယ် တချို့လည်း ရောက်ရှိနေပြီး၊ အဲဒီမှာ နိုင်ငံတကာ သံတမန်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုယ်စားလှယ်တွေဟာ အရှေ့တီမော သမ္မတနဲ့ တွေ့ဆုံခဲ့သလို အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာ့အရေးကို နိုင်ငံတကာက ပူပေါင်းဖြေရှင်းပေးဖို့ကိုလည်း အရှေ့တီမော သမ္မတက သူ့ရဲ့ အထွေထွေ ညီလာခံမိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ကိုမိုးမြင့်က ဆက်ပြီး ပြောပြပေးမှာပါ။