ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော် ခရီး ဘယ်လောက်နီးပြီလဲ
ရေးသားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်၊ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေ အပေါ် နိုင်ငံတဝန်း ခုခံတွန်းလှန်စစ် ပြုလုပ်ကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကြေညာခဲ့တာဟာ ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့ဆိုရင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၂ နှစ်တာ ကာလ အတွင်းမှာ လက်နက်ကိုင်တော်လှန်ရေး ဘယ်လောက်ထိ ခရီးပေါက်ခဲ့ပါပြီလဲ။ NUG ကာကွယ် ရေး ဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားတာကို ကိုဝေဖြိုး ပြောပြထားပါတယ်။