ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာဒုက္ခသည်တွေ အိန္ဒိယမှာ လူမျိုးရေး တင်းမာမှုတွေနဲ့ ကြုံနေရ
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်အုပ်ချုပ်ရေးကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ အိန္ဒိယလို အိမ်နီးချင်း နိုင်ငံတွေထဲကို ထွက်ပြေးခဲ့ကြရပါတယ်။
အိန္ဒိယ မီဇိုရမ်ပြည်နယ်ဟာ မြန်မာဒုက္ခသည်တွေကို ကြိုဆိုလက်ခံခဲ့ပေမဲ့လည်း ၊ မဏိပူရပြည်နယ်မှာတော့ မြန်မာဒုက္ခသည်တွေကို တရားမဝင် ဝင်ရောက်လာသူတွေ အဖြစ် ခေါ်ဝေါ်ပြီး၊ အဲဒီမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်သူတွေ အဖြစ် မှားယွင်း ပြစ်တင် နေပါတယ်။
လွန်ခဲ့တဲ့ ၃လအတွင်း မဏိပူရပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်းမှာ လူပေါင်း ၁၈၀ ကျော်သေဆုံးခဲ့ရသလို၊ လူခြောက်သောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဘီဘီစီ သတင်းထောက် နီတင် ဆရီဗက်စတာဗားရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။