ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝက်လက်မြို့နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
ရေးသားခဲ့သည်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသလို တခြားအရပ်သား သုံးဦးထက်မနည်းလည်း စစ်ဘေးရှောင်ရင်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့ထားလို့ အခုအခါ လမ်းမကြီးတချို့ပါ ပိတ်ထားရတယ်လို့ဆိုပါတယ်။ အရပ်သားတွေသတ်ဖြတ်ခံရတဲ့အထိ ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းက စစ်ရေး အခြေအနေတွေကို ကိုကျော်ဇေယျက ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။