ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြစ်ဆုံ စီမံကိန်းနဲ့ ဒေသခံတွေရဲ့ စိုးရိမ်မှု
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အစည်းအဝေးတစ်ခုမှာ တိုင်းပြည်ကို မီးမှန်မှန် မပေးနိုင်တာ မြစ်ဆုံ စီမံကိန်း ရပ် ဆိုင်းခဲ့တာကြောင့်လည်းတစ်ချက် ပါဝင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ကြောင်း အဲဒီအစည်းအဝေးတက်ရောက်ခဲ့သူ တချို့က ဘီဘီစီကိုအတည်ပြုပြောပါတယ်။ အခုလို မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ ရည်ညွှန်းပြောဆို လာတဲ့နောက် အဲဒီ ဒေသခံတွေရဲ့ စိုးရိမ်မှုက ဘယ်လို ရှိနေပါသလဲ။ မြစ်ဆုံစီမံကိန်းဧရိယာဝန်းကျင်မှာရော အပြောင်းအလဲတွေ တွေ့ရပါပြီလား။ အပြည့်အစုံကို ကိုမိုးမြင့်က ပြောပြပေးပါမယ်။