မိခင်ရဲ့ မွေးနေ့မှာ ကိုထိန်လင်း ဘာပြောချင်သလဲ

ရေးသားခဲ့သည်။

ဇွန်လ ၁၉ ရက်၊ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၈ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ စစ်ကောင်စီက တရားစွဲ ထောင်ချထားလို့ နေပြည်တော်က အကျဉ်းထောင်ထဲမှာ သူ့ရဲ့ မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ္စ မှာ အကျဉ်းကျနေတဲ့ မိခင်ရဲ့ မွေးနေ့မှာ မှတ်မှတ်ထင်ထင် ပြောချင်နေတဲ့ စကားတွေ ရှိနေပါသလား။ သူတို့ နှစ်ဦးအတူရှိခဲ့ရင် ဘယ်လို ဖြတ်သန်းချင်သလဲ။ သူ့မေမေ့ကို ပြောဖို့ ဘယ်လို စကားတွေ ရှိနေပါသလဲ။

ကိုထိန်လင်း (ခ) ကင်မ်အဲရစ္စ ကို မစန္ဒာဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။