ထားဝယ်ခရိုင်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်နေဆဲ

ရေးသားခဲ့သည်။

ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေအတွင်းမှာ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ၊ လက်နက်ကိုင်တော်လှန်တာတွေက အာဏာသိမ်းပြီးကတည်းက ၂နှစ် ကျော်ကြာတဲ့ အထိကို ဆက်လက် တည်ရှိနေဆဲပါ။ အဲဒီလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့သူတွေကိုလည်း စစ်တပ် ဘက်က ဖမ်းဆီးတာ၊ နီးစပ်ရာရွာတွေကို စစ်ကြောင်းထိုးတာ မျိုးတွေကို ဆက်လုပ်နေပါတယ်။ အပြည့်အစုံကို ကိုတင်အောင်ကျော်က ပြောပြမှာပါ။