မိုးကြိုးပြောက်ကျားတပ်က ၇ ဦး KIA နယ်မြေထဲမှာ ဖမ်းဆီးခံထားရ

ရေးသားခဲ့သည်။

မကွေးတိုင်းထဲမှာ လှုပ်ရှားတဲ့ မိုးကြိုးပြောက်ကျားတပ် တပ်ရင်းတစ်ခုက CDM ဗိုလ်ကြီးအပါအဝင် ၇ ဦးဟာ ကချင်လွတ်မြောက်ရေးတပ် KIA နယ်မြေထဲမှာ ဖမ်းဆီးခံထားရတယ်လို့ အဲဒီတပ်ရင်းဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။ မိခင်တပ်ရင်းဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်က ဒီလူတွေကို ဖမ်းဆီးထား တာလို့လည်း ဆိုပါတယ်။ ဒီတပ်ဟာ NUG ကာကွယ်ရေးဌာန အောက်မှာမရှိပေမဲ့ ဖမ်းဆီးခံရသူတွေအရေး ဆောင်ရွက်နေတယ်လို့ NUG ဘက်က ပြောလာပါတယ်။ အပြည့်အစုံကို ကိုဇေယျာထွန်းက ပြောပြမှာပါ။