ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုခါ မုန်တိုင်းကြောင့် သေကြေ ပျက်စီးဆုံးရှုံးမှု များပြား
ရခိုင်ပြည်နယ်မြို့တော်စစ်တွေအပါအဝင် ပြည်နယ် မြောက်ဘက်ပိုင်း မြို့နယ်တွေကို ဦးတည်ဖြတ်ကျော်ခဲ့ တဲ့ မိုခါမုန်တိုင်းကြောင့် မြို့နယ်အများစုက အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ပါတယ်။ ခိုင်ခိုင်ခံခံ ဆောက်ထားတဲ့ တိုက်အိမ်တွေကလွဲရင်ကျန်တဲ့ အဆောက်အဦးအများစုဟာ အိမ်အလုံးလိုက်ပြို လဲတဲ့အထိရှိခဲ့တာပါ။ ရိုဟင်ဂျာစခန်းတွေမှာလည်း သေဆုံးမှုတွေ များခဲ့ပါတယ်။ အခုချိန်ထိ စုစုပေါင်း သေဆုံးသူ ၂၁ ယောက်ရှိတယ်လို့ စစ်ကောင်စီက စောစောပိုင်းလေးကပဲ ထုတ်ပြန်ခဲ့ပြီး တကယ့်မြေပြင်မှာ ဒေသခံတွေ ပြောတဲ့ သေဆုံးသူ အရေအတွက်ကတော့ အများကြီး ပိုများပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ဒီနေ့ နောက်ဆုံးအခြေအနေကို ရခိုင်ရောက် ဘီဘီစီသတင်းထောက် ကိုဝင်းကျော်သူရဲ့ သတင်းပေးပို့မှုနဲ့အတူ ကိုဟိန်းကိုစိုးက ပြောပြမှာပါ။