ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီတပ်ကြောင့် စစ်ကိုင်းဒေသခံတွေ ထွက်ပြေးကြရ
ရေးသားခဲ့သည်။
ဒီရက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်တာတွေ အပြင် ခြေလျင်စစ်ကြောင်းထိုးတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အနည်းဆုံး ကျေးရွာ ၇ ရွာလောက်က ဒေသခံ ရွာသူ ရွာသား တွေ ထွက်ပြေးနေကြရသလို၊ ကလေးငယ်တွေ အပါဝင် ဒေသခံတွေ ဒဏ်ရာရ သေဆုံးတာတွေဆက်ရှိနေပါတယ်။ အကြောင်းစုံကို ကိုထွေးက ပြောပြပါမယ်။