ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကောင်စီ အင်အားတိုးချဲ့
ရေးသားခဲ့သည်။
စစ်ကောင်စီဟာ ဒီသီတင်းပတ်အတွင်းမှာ မန္တလေးကနေ ဗန်းမော်ဘက်အထိကို အင်အားတိုးချဲ့ထားကာ သွားလာလှုပ်ရှားမှုတွေ ရှိနေချိန်မှာပဲ လမ်းတလျှောက်ကျေးရွာတချို့ကို မီးရှို့တာ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့ ကျည်ထိမှန် သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်ကောင်စီ ထိုးစစ် တိုးချဲ့မှုတွေအကြောင်း ကိုဘိုဘိုက ဆက်ပြောပြပေးပါမယ်။