ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်း အန်အယ်လ်ဒီ ပါတီဝင်တွေ ဖမ်းဆီးခံနေရ
ရေးသားခဲ့သည်။
စစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသအတော်များများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့ မိသားစုတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။
မြင်းခြံခရိုင်မှာလည်း NLD ပါတီဝင်တွေနဲ့ ထောက်ခံသူ တချို့ ဖမ်းဆီး သတ်ဖြတ်ခံရတယ်ဆိုပြီး ဒေသတွင်း လွှတ်တော် ကိုယ်စားလှယ်က ပြောကြားနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ နှစ်နှစ်ကျော်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ NLD ပါတီဝင်တွေ တစ်ရာဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒီအကြောင်း မညိုလဲ့ရည်က ပြောပြပေးပါမယ်။