ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေးအတွက် နယ်မြေအလဲအထပ် မလုပ်ဖူးလို့ ယူကရိန်းသမ္မတ ပြော
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်စစ် စတင်ခဲ့တာ လာမယ့် သီတင်းပတ်ဆို တနှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
ဒီတနှစ်တာကာလအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲနဲ့ ရှေ့ဆက် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတဲ့အကြောင်း သမ္မတ ဇလန်းစကီးက ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ် အယ်ဒီတာ John Simpson ကို ပြောဆိုခဲ့ပါတယ်။
အရေးအကြီးဆုံးကတော့ စစ်ပွဲအဆုံးသတ်ဖို့ ဖြစ်လာနိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတခုအတွက် ရုရှားနိုင်ငံလက်ထဲ နယ်မြေတွေ လွှဲပြောင်းပေးအပ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
အဲဒီလို လုပ်တာဟာ ယူကရိန်းကို ချည့်နဲ့တဲ့ နိုင်ငံ ဖြစ်လာနိုင်ပြီး သမ္မတ ပူတင် ထပ်မံတိုက်ခိုက်အောင်လည်း ခွင့်ပြုရာရောက်တယ်လို့လည်း သမ္မတဇလန်းစကီးက ပြောပါတယ်။
ကိဗ်မြို့တော်ကနေ John Simpson ပေးပို့တဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။