ကရင်ပြည်နယ်တွင်းက ဒေသခံအများအပြား စစ်ရှောင်နေရ

ရေးသားခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ထဲက စစ်ကောင်စီရဲ့ အရပ်ဘက်ရုံးအချို့ မီးရှို့ တိုက်ခိုက်ခံရမှုဖြစ်အပြီးမှာ ဒေသခံတွေ ထိုင်းဘက်ခြမ်းဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ်ထဲမှာလည်း မွန်လူမျိုးအများစုနေထိုင်တဲ့ကျေးရွာတွေမှာ တိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

အဲဒီက အခြေအနေတွေကို ကိုဇေယျာထွန်းက ပြောပြပေးပါမယ်။