Dnipro မြို့ တိုက်ခိုက်ခံရမှု လူပေါင်း ၃၅ ယောက်ထက်မနည်း သေဆုံး

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကို မစ်ဆိုင်းဒုံးကျည် ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့မှုတွေနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတွေကို ယူကရိန်းနိုင်ငံ ကြုံတွေ့ခဲ့ရပါတယ်။

Dnipro မြို့က လူနေအိမ် အဆောက်အအုံတခု ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း လူပေါင်း ၃၅ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းက Soledar နဲ့ Bakhmut မြို့တဝိုက်မှာလည်း ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်တွေ ထပ်ရှိခဲ့ပါတယ်။

ဘီဘီစီ သတင်းထောက် Andrew Harding ပေးပို့တဲ့ သတင်းကို ကိုဇေယျာက ပြန်ပြောပြပေးမှာပါ။