ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်နီကာကွယ်ရေး အဖွဲ့နေရာတွေကို စစ်ကောင်စီ ထိုးစစ်ဆင်
ရေးသားခဲ့သည်။
နိုဝင်ဘာလကုန်ပိုင်းကမှ ကရင်နီကာကွယ်ရေး အဖွဲ့တွေဘက်က ပြန်လည်သိမ်းပိုက်ရရှိထားတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ကုန်းသာ၊ သေးဆူလဲ၊ ဒေါကမီးရွာတွေဘက်ကို စစ်ကောင်စီကအလုံးအရင်း ထိုးစစ်ပြန်ဆင်နေတယ်လို့သိရပါတယ်။
စစ်ကောင်စီဘက်က သာလွန် လက်နက် အင်အားနဲ့ ထိုးစစ်ဆင်နေသလို သူတို့စခန်းချရာတဝိုက်မှာလည်း မြေမြှုပ်မိုင်း တွေကိုပါ အဆင့်ဆင့် ထားတာကြောင့် လယ်ယာလုပ်ကိုင်သူ အရပ်သားတွေအတွက် အလွန်စိုးရိမ်စရာ အနေအထားရှိနေပါတယ်။ ကိုမိုးမြင့် က စုစည်းပြောပြပေးမှာပါ။