ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားမှု အွန်လိုင်းစနစ်သစ်ပြောင်းလဲ
ရေးသားခဲ့သည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Booking စနစ်နဲ့ QR Code ရက်ချိန်းပေးတာကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင် ရပ်ဆိုင်းလိုက်ပါပြီ။ QR Code နဲ့ ရက်ချိန်းယူရတာ ခက်ခဲပြီး ပွဲစားတွေကတဆင့်ရယူကြရလို့ ငွေကြေးပိုမိုကုန်ကျခဲ့ကြခဲ့သူတွေလည်း ရှိပါတယ်။ ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လျှောက်ထားနိုင်ဖို့ Online Booking စနစ်ကိုလည်း ပြင်ဆင်ရေးဆွဲနေတယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ပါတယ်။ အကြောင်းစုံကို ကိုတင်အောင်ကျော် ပြောပြပေးမှာပါ။