ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ကျောက်ကပ်ထုတ်ရောင်းမှုများ
ရေးသားခဲ့သည်။
စီးပွားရေး ကျပ်တည်းတာကြောင့် ခန္ဓာကိုယ်တွင်းက ကျောက်ကပ်ကို လှူဒါန်းပြီး စေတနာကြေးအဖြစ် ငွေကြေးပေးအပ်ဖို့ လိုလားတဲ့အကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားကြတာတွေ တွေ့နေကြရပါတယ်။
နိုဝင်ဘာလအစက ဒီနေ့အထိ လူ ၂ဝ လောက်ကသူတို့ ခန္ဓာကိုယ်အစိတ်အပိုင်းကို လှူဒါန်းပြီး ငွေကြေးတောင်းဆိုတာမျိုးရေးသားတာကို တွေ့ထားရပါတယ်။
ဘာကြောင့်ပါလဲ ။
ဒီအကြောင်း ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။