ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၂၀၀ ကျော်
ရေးသားခဲ့သည်။
အင်ဒိုနီးရှားက ဂျာဗားကျွန်းမှာ ငလျင်ကြီး လှုပ်သွားခဲ့ပြီးနောက် အပျက်အစီးတွေ ကြားမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ငလျင်ကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ကာ ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။ သေဆုံးရသူတွေထဲမှာ ကလေးတွေလည်း အများအပြား ပါဝင်ပါတယ်။ ဗာလ်ဒယာ ဘာရာပူထြီရဲ့ သတင်းကို မရီရီအောင်က ပြောပြမှာပါ။