ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်္ဂလာဒုံက ဖယ်ရှားဖို့ စာထုတ်ခံရတဲ့ ရပ်ကွက်များ စတင်ပြောင်းရွှေ့
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တပ်ပိုင်မြေဖြစ်နေလို့ ဖယ်ရှားပေးဖို့ စာထုတ်ခံထားရတဲ့ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်တွေကို ကိုယ်တိုင်ဖျက်ပြီး ပြောင်းရွှေ့တာတွေလုပ်နေကြပြီလို့ ဘီဘီစီကိုပြောပါတယ်။ စစ်ကောင်စီ ကပြောင်းရွှေ့ဖို့ပြောထားတဲ့ ရပ်ကွက်ငါးခုထဲမှာ ဘုန်းတော်ကြီးနဲ့ သီလရှင်ကျောင်းတွေ ပါဝင်နေသလို မြို့နယ်သံဃနာယကအဖွဲ့ဘက်ကလည်း ကျောင်းတချို့ကို အကြောင်းကြားစာပို့လာပြီလို့ဆိုပါတယ်။ မင်္ဂလာဒုံမြို့နယ်က နောက်ဆုံးရ အခြေအနေကို ကိုဘိုဘိုက စုစည်းပြောပါမယ်။