ကယား ပြည်နယ်ထဲက ရွာတွေကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်

ရေးသားခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာ အုပ်စုက ၀ါရီကောခူရွာနဲ့ ပီကင်းကောခူရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ဒေသခံ ၁၀ ဦးကျော် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ဘေးရှောင်စခန်းတွေနဲ့ ရွာတွေကို အခုရက်ပိုင်းမှာ ပစ်ခတ်တာတွေ ဆက်တိုက်ရှိခဲ့ပြီး ဒေသခံတွေမှာ သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ အကြောင်းစုံကို ကိုတင်အောင်ကျော်က ပြောပြပေးမှာပါ။