ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ် ၁၀၀ ပြည့် ဘီဘီစီရဲ့ အစ
ရေးသားခဲ့သည်။
ဒီနေ့ဟာ ဘီဘီစီရဲ့ အသက် ၁၀၀ ပြည့်တဲ့ မွေးနေ့ပါ။ ကနဦးက British Broadcasting Company လို့ ခေါ်တဲ့ ဘီဘီစီကို စတင် တည်ထောင်တော့ ဝန်ထမ်း ၄ ယောက်ပဲ ရှိပါတယ်။ ၁၉၂၂ ခုနှစ်က အင်္ဂလန်တောင်ပိုင်းကနေ လေလှိုင်းကနေ ဖျော်ဖြေရေး အစီအစဉ်တွေကို စမ်းသပ် ထုတ်လွှင့်ရင်းနဲ့ စတင် ဖြစ်တည်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ဘီဘီစီကို စတင်လမ်းထွင် ဦးဆောင်ခဲ့ကြသူတွေ အကြောင်းကို ကြည့်ရအောင်ပါ။ ဒေးဗစ်စီလစ်တိုရဲ့ သတင်းကို ကိုကျော်ဇေယျက ပြန်ပြောပြမှာပါ။