ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခြိမ်းခြောက်မှုတွေအောက်က ထိုင်ဝမ်အမျိုးသားနေ့
တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ ပိုမို ကြုံတွေ့နေရပေမယ့် ထိုင်ဝမ်ဟာ အမျိုးသားနေ့ကို ကျင်းပနေပါတယ်။
ထိုင်ဝမ်ပြည်သူအဖြစ် သူတို့ကိုယ်သူတို့ ပိုမိုခံယူလာကြတဲ့ လူအများအပြားဟာ သူတို့ရဲ့ ဒီမိုကရက်တစ် နိုင်ငံရေး စနစ်နဲ့ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုလားနေကြတယ်လို့ မကြာသေးခင်တုန်းက လုပ်ခဲ့တဲ့ လူထုစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘေကျင်းဘက်ကတော့ ထိုင်ဝမ်ထုတ်ကုန် ၂၀၀၀ နီးပါးကို တင်သွင်းဖို့ ပိတ်ပင်ပြီး စီးပွားရေး အကျပ်ရိုက်အောင် လုပ်ဆောင်နေပါတယ်။
ဘီဘီစီ သတင်းထောက် Rupert Wingfield Hayes ထိုင်ဝမ်ကနေ ပေးပို့တဲ့ သတင်းကို ကိုတင်အောင်ကျော်က ပြန်ပြောပြမှာပါ။