ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးမှာ တိုက်ပွဲတွေဖြစ်မှာ ဒေသခံတွေ စိုးရိမ်
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းက စစ်တပ်က နေရာယူထားတဲ့ မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေနဲ့ ကြုံနေကြရသလို မြို့တွင်းဖောက်ခွဲမှု တွေလည်း ရှိလာနေပါတယ်။ တကယ်လို့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့လို့ရှိရင် တစ်မြို့လုံး ဒုက္ခရောက်နိုင်တယ် ဆိုပြီး မြို့ခံတွေမှာလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒါကြောင့် နှစ်ဘက်တပ်တွေအနေနဲ့ မြို့ပေါ်နဲ့အနီးဝန်းကျင်နေရာတွေမှာ တိုက်ပွဲတွေကို ရှောင်ရှားကြဖို့ မြို့ခံတွေကပြောဆိုကြပါတယ်။ ဘီဘီစီ သတင်းထောက် ကိုမြင့်လွင်က ပြောပြမှာပါ။