ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ တိုက်ပွဲကြောင့် လူသောင်းနဲ့ချီ ထွက်ပြေး
ရေးသားခဲ့သည်။
ရခိုင် ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အေအေတို့ တစ်ကျော့ပြန် တိုက်ပွဲအတွင်း ကျေးရွာပေါင်း ၂၀ ဝန်းကျင်က လူဦးရေသောင်းချီပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ တချို့နေရာတွေမှာဆိုရင် စစ်ကောင်စီက လမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက် ထွက်ပြေးလို့မရဘဲ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ကိုမြင့်လွင်က ပြောပြမှာပါ။