ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးမြို့က ကျောက်မျက်လုပ်ငန်းရှင် ဖမ်းဆီးခံရ
ရေးသားခဲ့သည်။
မန္တလေးမြို့က နာမည်ကြီး ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်သူရ ကို CRPH၊ NUG နဲ့ PDF တွေကို ထောက်ပံ့လို့ ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ဘီလီယံနဲ့ ချီတဲ့ ပိုင်ဆိုင်မှု တွေကို ချိပ်ပိတ်လိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် တန်ဖိုးအများဆုံး ချိပ်ပိတ်မှုလည်း ဖြစ်ပြီး နောက်ထပ်ပါဝင်ပတ်သက်နေတဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေကိုလည်း ဖမ်းမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။