ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မြို့က မြို့နယ် တစ်ချို့မှာ ရေကြီး ရေလျှံ
ရေးသားခဲ့သည်။
သြဂုတ်လ ၁၆ ရက်နေ့ည နဲ့ ၁၇ ရက်နေ့ မနက်အစောပိုင်းကစပြီး မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် ရန်ကုန်မြို့က မြို့နယ် တစ်ချို့မှာ ရေကြီးရေလျှံတာတွေအပြင် နေအိမ်တွေအထဲထိ ရေဝင်တာတွေရှိလာနေပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေအားကောင်းတာကနေ အားအလွန်ကောင်းတာကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဘယ်လို အခြေအနေတွေ ကြုံတွေ့နေရပါသလဲ။ ကိုဘိုဘိုက ပြောပြပေးမှာပါ။