ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ်ထရမ့် နေအိမ်ကို အက်ဖ်ဘီအိုင် ဝင်ရောက်ရှာဖွေ
ရေးသားခဲ့သည်။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဖလော်ရီဒါက မားအာလာဂို နေအိမ်ကို ပြည်ထောင်စု ထောက်လှမ်းရေး အက်ဖ်ဘီအိုင်က ဝင်ရောက် ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သူကတော့ နေအိမ်မှာ ရှိမနေခဲ့ပါဘူး။ မစ္စတာ ထရမ့်က သူ့အိမ်ကို အက်ဖ်ဘီအိုင် အရာရှိတွေ အများကြီး ရှာဖွေဝရမ်းနဲ့ ရောက်လာခဲ့ကြကြောင်း ပြောပါတယ်။ သူတို့က အာမခံ သေတ္တာကိုတောင် ဖွင့်ကြည့်သွားကြတယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။