ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်းတိုင်းက ပုလဲမြို့နယ်မှာ ဇူလိုင်လအတွင်း ၁၄ ဦးထက်မနည်း ဖမ်းဆီးခံရ ၄ ဦးသေဆုံး
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်းက ပုလဲမြို့နယ်ထဲမှာ ဇူလိုင်တစ်လလုံး စစ်ကောင်စီက စစ်ကြောင်းထိုး ၀င်ရောက်ခဲ့ပြီးတဲ့နောက် တစ်လအတွင်းမှာ ဖမ်းဆီးခံရသူဒေသခံ အယောက် ၁၄ဦး ထက် မနည်းရှိပြီး သေဆုံးသူ ၄ ဦး အထိ အတည်ပြုနိုင်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရပြီး ပြန်မလွတ်သေးတဲ့ ဒေသခံတွေအတွက်လည်း အခြေအနေမသိရတဲ့အတွက် မိသားစု၀င်တွေက စိုးရိမ်နေကြရပါတယ်။ ပုလဲ မြို့နယ်အတွင်းက အခြေအနေအကြောင်းစုံကို မညိုလဲ့ရည်က ပြောပြပေးမှာပါ။