၇၅ နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးဘဝင်းတို့ရဲ့ မိသားစုဝင်တွေမတက်

ရေးသားခဲ့သည်။

ဒီကနေ့ ၇၅ နှစ်မြောက် အာဇာနည်နေ့အတွက် စစ်ကောင်စီက ဦးစီးတဲ့အခမ်းအနားကို ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး၀င်း တက်ရောက်ခဲ့ပြီး အာဇာနည်မိသားစု၀င် တချို့ တက်ရောက် ခဲ့ကြပါတယ်။ တဖက် NUG အစိုးရကလည်း အွန်လိုင်းကတဆင့် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်တွေလည်း နိုင်ငံတ၀န်းထွက်ပေါ်ခဲ့ပါတယ်။ မနှင်းမိုက စုစည်းပြောမှာပါ။