ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြေနီကုန်း တံတားအောက် ပေါက်ကွဲမှုမှာ သေဆုံးသူ ၂ဦး
ရေးသားခဲ့သည်။
မနေ့က ရန်ကုန်မြို့တွင်းပေါက်ကွဲမှု ၃ ခုထဲမှာ အပြင်းထန်ဆုံးလို့ပြောရမယ့် မြေနီကုန်း တံတားအောက် ပေါက်ကွဲမှုမှာ သေဆုံးသူ ၂ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာ ရသူက ၁၁ဦး ရှိပါတယ်။ မြို့ပြ ပြောက်ကျားအဖွဲ့တခုက သတိပေးချက်တွေ ထုတ်အပြီးမှာ ဒီပေါက်ကွဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး တာမွေပေါက်ကွဲမှုက လွဲလို့ ကျန်တဲ့ ဖောက်ခွဲမှုတွေ မလုပ်ခဲ့ဘူးလို့ ပြောက်ကျားအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။ ရန်ကုန်မှာ ဒီသတင်းပတ်ကုန်အထိ ပေါက်ကွဲမှုတွေ ဆက်ဖြစ်ဖို့ရှိပြီး သတိထားသွားလာဖို့ လူထုကို ပြောက်ကျား အဖွဲ့တွေက သတိပေးထားပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က စုစည်းပြောပြပေးပါ့မယ်။