သီရီလင်္ကာသမ္မတ အိမ်တော်ကို ဆန္ဒပြသမားတွေ ဆက်လက်စီးနင်းထား

ရေးသားခဲ့သည်။

ကိုလံဘိုမြို့က သမ္မတ နေအိမ်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက ဝင်စီးပြီးနောက်ပိုင်း သီရိလင်္ကာနိုင်ငံက နိုင်ငံရေး စီးပွားရေး အကျပ်အတည်းဟာ ပိုမိုဆိုးရွားလာနေပါတယ်။

သမ္မတ Gotabaya Rajapaksa ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရာထူးက ဆင်းပေးမယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြသမားတွေဟာ မစ္စတာ Rajapaksa ရာထူးက နုတ်ထွက်တာကို မမြင်ရမချင်း သမ္မတ အိမ်တော်ကနေ ထွက်ခွာဖို့ ငြင်းဆန်ထားပြီး အဲဒီမှာပဲ ဆက်ရှိနေကြပါတယ်။

ဘီဘီစီ တောင်အာရှရေးရာ သတင်းထောက် ရာဂျီနီ ဗာဒီရာနန့်သန် Rajini Vaidyanathan ပေးပို့တဲ့ သတင်းကို မနှင်းမိုက ပြန်ပြောပြပေးမှာပါ။