ဆားလင်းကြီး ဒေသခံ ရာနဲ့ချီ ထွက်ပြေးနေရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်ထဲမှာ ရှိတဲ့ လက်ပတောင်း ကြေးနီ စီမံကိန်း အနီးတဝိုက်က ရွာတွေကို စစ်ကောင်စီက ဝင်ရောက် စီးနင်းမှုတွေ လုပ်နေတာ တစ်ပတ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီမှာ စစ်ကောင်စီတပ်တွေက နေ့စဉ်လိုလို ကျေးရွာတွေထဲကို စီးနင်းရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မတည်မငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီက အခြေအနေတွေကို ကိုမိုးမြင့်က ပြောပြပေးမှာပါ။