ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန် ငလျင် ပြည်သူတွေ အကူအညီ မရသေး
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင်းက လူအရောက်အပေါက်အနည်းဆုံး ဝေးလံခေါင်ဖျားလွန်းတဲ့ ဒေသတချို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်တခုကြောင့် လူတထောင်ကျော် သေဆုံးခဲ့ပါတယ်။
ငလျင်ဒဏ်အဆိုးဆုံး ခံခဲ့ရတဲ့ Paktika ပြည်နယ်တွင်း တောင်တန်းတွေအောက်က ကျေးရွာတွေမှာ အပျက်အစီး အတော်လေး များတာ ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနေရာတွေဆီကို အကူအညီတွေ အခုအချိန်ထိ မရောက်ရှိသေးပါဘူး။
အဲဒီနေရာတွေကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ Yogita Limaye ရဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြပေးမှာပါ။