ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေးကေ့ကော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်
ရေးသားခဲ့သည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက လေးကေ့ကော်မြို့အနီးတဝိုက်မှာရှိတဲ့ ဥကလိထစစ်တပ် စခန်းနားမှာ စစ်ကူလာတဲ့ စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA/KNDO၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေအတွင်း ဒေသခံ တထောင်ကျော် စစ်ဘေးရှောင်နေရသလို ပြည်သူ ၅ဝဝ ကျော်လည်း ပိတ်မိနေပါတယ်။
ကရင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေကို ကိုဘိုဘိုက ပြောပြပေးပါမယ်။