အာဏာသိမ်းပြီးနောက် စစ်ရှောင်ဒုက္ခသည် တသန်းကျော် ထပ်တိုးလာ

ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် ပြည်တွင်း စစ်ရှောင်ဒုက္ခသည် တသန်းကျော် ထပ်တိုးလာခဲ့တယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်တခုဖြစ်တဲ့ ND Burma က ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် ၁၉၈၉ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ် မေလအထိ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းခွဲကျော်ရှိအထိ ရှိလာခဲ့ပြီလို့ ပြည်တွင်းသုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။

ဒီအကြောင်းအပြည့်အစုံကိုတော့ မနှင်းမိုက ပြောပြပေးမှာပါ။