ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မှာ နှစ်ရက်အတွင်း စစ်အာဏာရှင် ဆန့်ကျင်သူ ၃၀ ကျော် ဖမ်းဆီးခံရ
ရေးသားခဲ့သည်။
ရန်ကုန်မြို့ပေါ်မှာ နှစ်ရက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေကြသူ အနည်းဆုံးအယောက် ၃၀ကျော် ဖမ်းဆီးခံခဲ့ရပြီလို့ သပိတ်ကော်မတီတွေဘက်ကပြောပါတယ်။ ဒီလိုရန်ကုန်မြို့ပေါ်မှာ အဖမ်းအဆီး များနေတဲ့အချိန်အတွင်း ဒီကနေ့မနက်မှာလည်း “သေဒဏ်ပေးလျှင် မုချလက်တုံ့ပြန်မယ်” ဆိုတဲ့ စာတန်းချိတ်ဆွဲ ဆန္ဒပြတာတွေဆက်ရှိနေဆဲပါ။ ရန်ကုန်မြို့ကအခြေအနေတွေကို မနှင်းမိုက စုစည်းပြောပါမယ်။