ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေ

ရေးသားခဲ့သည်။

ကယား(ကရင်နီ)ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီအင်အားစုတွေကြားမှာ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ဖရူဆိုမြို့နယ်ထဲမှာဆိုရင် တိုက်ပွဲဖြစ်နေတာ ၄ ရက်ထဲအထိ ဝင်လာပြီ ဖြစ်ပါတယ်။ ဒီ ထိတွေ့တိုက်ပွဲတွေကြောင့် နှစ်ဖက်အထိအခိုက် အကျအဆုံးနဲ့ စစ်ရှောင်တွေအပေါ် ရိုက်ခတ်မှု ဘယ်လိုရှိနေပါလဲ။

ကိုရင်မောင်က ဆက်ပြောပြပေးမှာဖြစ်ပါတယ်။