ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နှစ်သန်းပေါင်းများစွာက အသားစားဒိုင်နိုဆော ရုပ်ကြွင်းတွေကို တွေ့ရှိ
ရေးသားခဲ့သည်။
ဥရောပမှာ အကြီးဆုံး အသားစား ဒိုင်နိုဆောကြီးရဲ့ ရုပ်ကြွင်းတွေကို အင်္ဂလန်နိုင်ငံ တောင်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
သူရဲ့ အရိုးတွေကို ကြည့်ရတာ အင်မတန်မှ ကြီးမားတဲ့ သတ္တဝါကြီး ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၅ သန်း လောက်က ကမ္ဘာမြေပေါ်မှာ ကျင်လည်ကျက်စားခဲ့ပြီး ၁ဝ မီတာ ရှည်လျားတဲ့ ဒိုင်ဒိုဆောကြီးရဲ့ရုပ်ကြွင်းတွေကို
ဆောက်သမ်တန် တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ ပညာရှင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုမင်းထက် ဆက်ပြောပြပေးမှာပါ။