ကုလနဲ့ အာဆီယံ အကူအညီပေးမယ့် ကိစ္စအပေါ် တိုင်းရင်းသား အဖွဲ့တွေ သဘောထား ထုတ်ပြန်

ရေးသားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အစည်းအဝေးမှာ အာဆီယံနဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုး ကူညီမယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ စစ်ကောင်စီကတစ်ဆင့် ထောက်ပံ့သွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတာတွေ မြို့ရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေလုပ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ပေးတာဖြစ်သလို ဒီအကူအညီတွေကို စစ်ကောင်စီဘက်က လက်နက်သဖွယ် အသုံးချနိုင်တယ်ဆိုပြီး NUG, KNPP, KNU နဲ့ CNF တို့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုထက်အောင်က ပြောပြပေးမှာပါ။