ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂန့်ဂေါဒေသကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်
ရေးသားခဲ့သည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်အနီးက ဒေသကာကွယ်ရေး တပ်စခန်းတွေကို စစ်ကောင်စီတပ်တွေက မနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တစ်ခါ ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ် တွေက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကနေ ဆင်းလာပြီး မြစ်ဘေးဝဲယာမှာရှိတဲ့ ရွာတွေကိုမီးရှို့နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရကြပါတယ်။ မသီဒါနွယ်က ပြောပြပေးမှာပါ။