တရုတ် သြဇာကြီးလာမှုနဲ့ အမေရိကန် တုံ့ပြန်မှု

ရေးသားခဲ့သည်။

အမေရိကန် သမ္မတ တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း ပထမဆုံး အာရှခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ဂျပန်ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်က အပြည့်အဝ အာမခံကြောင်း ပြောပါတယ်။ အင်္ဂါနေ့မှာ မစ္စတာ ဘိုင်ဒန်ဟာ အမေရိကန်အပါအဝင် ဂျပန်၊ အိန္ဒိယနဲ့ သြစတြေးလျ တို့ပါဝင်တဲ့ ကွာဒ်လို့ ခေါ်တဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင် နိုင်ငံတွေက ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သူတို့ တွေ့ဆုံ ကြတဲ့ အခါမှာ ယူကရိန်း အရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေကြမှာ ဖြစ်သလို တရုတ်ရဲ့ နယ်ပယ်သစ် ချဲ့ထွင်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။ အထူးသဖြင့်တော့ တိုင်ဝမ်အရေးဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်အင်အား တောင့်တင်းလာတာကြောင့် တိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်လာနိုင်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကြားဝင် ဟန့်တားမှုတွေကိုတောင် ရင်ဆိုင်နိုင်တယ်ဆိုပြီး လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။ ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီးလ်ဒ် ဟေးစ်ရဲ့ သတင်းကို ကိုထွေးက ပြောပြမှာပါ။