ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း စစ်သားတွေကို ရုရှား သမ္မတ တရားစွဲနိုင်သလား
ရေးသားခဲ့သည်။
ယူကရိန်း ဆိပ်ကမ်းမြို့ မာရီယူပိုးမှာ ရှိတဲ့ အဗ်ဇော့တဲလ် သံမဏိ စက်ရုံက ထွက်ခွာလာကြတဲ့ ယူကရိန်း စစ်သားတွေကို စစ်အကျဥ်းသားတွေ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ ကြက်ခြေနီကော်မတီက ပြောပါတယ်။
ယူကရိန်း စစ်သားတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ စောင့်ရှောက်မှု ပေးသွားမယ်လို့ ရုရှားတို့ ဘက်က ပြောပါတယ်။ ဒါပေမယ့် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ဒီစစ်သားတွေကို တရားစွဲဆိုမှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဘီဘီစီ ရုရှား ရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘဂ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။